ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Wednesday, June 5, 2013

♫♫♫♫ မဆုံတဲ့ ဖူးစာ ♫♫♫♫


♫♫♫♫ မဆုံတဲ့ ဖူးစာ ♫♫♫♫

ပြီးဆုံးသွားတဲ့နောက်

တမ်းတမနေပါရစေနဲ့ တော့

လမ်းတစ်ခုဆုံးသွားသလိုမျိုး

နေရစ်ခဲ့လိုက်ပါလား....တဲ့

ရပါတယ်လေ

ဖြားယောင်းမှုတွေ ဘယ်လောက်ရှိရှိ

လှည့်မကြည့်တက်တဲ့

မျက်လုံးမျိုး ကြိုက်တယ် ......။

နောင်တွယ်ခြင်းတွေ ဘယ်လောက်ရှိရှိ

ငဲ့မကွက်တက်တဲ့

နှလုံးသားမျိုး ကြိုက်တယ် .....။

စွဲလမ်းခြင်းတွေ ဘယ်လောက်ရှိရှိ

စွန့်လွှတ်တက်တဲ့

ဥပေက္ခာမျိုး ကြိုက်တယ် ......။

နာကျင်မှုတွေနဲ့အတူ

ဘ၀မှာ

အကြိမ်ကြိမ် ငါငိုကြွေးခဲ့ဖူးပြီဘဲ .....။

ငါ ကိုယ်တိုင်က

မုသားနဲ့ သစ္စာ

ဘယ်ဟာ အမှန်လဲ

မခွဲခြားတက်မှတော့

လမိုက်ညမှာ

တိတ်တိတ်လေး ကြေကွဲ

ငိုရှိုက်နေရုံကလွဲလို့

ဘာများတက်နိုင်တာ ရှိဦးမလဲလေ .....။
— with အိန် ဂျယ် လှိုင် and 19 others

No comments:

Post a Comment