` ဧဒင် ရဲ့  သစ်သီး ``
လူတကာစားနေတဲ့ အသီးပါကွယ်
ဘာလို့  ငါ့ ကျတော့ စားခွင့် မကြုံရတာလဲဧဒင်ရယ်....
တွေ့ ချင်ဇောနဲ့  ဖွေရှာမောနေရတဲ့ ဘ၀မှာ
ဟော..ဟိုမှာလို့  ဝေးဝေးကကြည့်ရင်း
မျှော်လင့်ချက်နဲ့ အပြေးသွားပေမယ့်
အနီးနားရောက်လို့ တွေ့ ရတာက
မလတ်ဆတ်တဲ့  ပုပ်အဲ့ အဲ့  အသီးပါလား....
ဟင်.. တွေ့ ပြန်ပြီ တစ်လုံး
ဝမ်းသာအားရ ကောက်ယူလိုက်မဟဲ့ လို့ 
မာန်တင်းကာ ကိုင်ကြည့်လိုက်ပေမယ့်
နွမ်းရိခြောက်သွေ့ နေတဲ့  အသီးက
ငါ့ အတွက် ဘာမှ အသုံးမ၀င်ဘူးကွယ်
ဘယ်မှာလဲ.....
ဘယ်မှာလဲဧဒင်ရယ်
စစ်မှန်တဲ့  မေတ္တာရည်တရွှ့မ်းရွှမ်းနဲ့ 
ရဲရင့်တဲ့ ချစ်ခြင်းဓါတ်တွေ ပြည့့်ဝ နေတဲ့ 
ငါလိုချင်တဲ့  အနီရောင်အသီးတစ်လုံးသာ
ဥယျာဉ်ကြီးထဲမှာ တွေ့ ရ ရင်လေ...
ငါ့ သစ္စာ နဲ့  စိတ်ဝိဥာဉ် ကို အဖိုးအခအဖြစ်အပ်နှင်းလို့ 
ထာဝရချစ်ခြင်းတရား နဲ့ အတူ
ွှအဲ့ ဒီ သိင်္ဂါရ သစ်သီးကို
ပျော်ပျော်ကြီးစားချင်လိုက်တာ ဧဒင်ရယ် ...။
မူရင်းရေးသူရဲ့လင့်https://www.facebook.com/thandar.aung.108

No comments:
Post a Comment