ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Saturday, April 13, 2013

**သင်္ကြန်**

**သင်္ကြန်**

သင်္ကြန်ဟူသော ဝေါဟာရတစ်ခုကို ဖွင့်ကြည့်မိတိုင်း ရင်ထဲမှာ အမျိုးအမည်
မသိသော ခံစားချက်တို့  ကွန်းခိုတတ်စမြဲပါပဲ..။ထူးထူးခြ
ားခြားပျော်နေ
တာမျိုးလည်းမဟုတ်...ထူးထူးခြားခြား လွမ်းဆွတ်နေတာမျိုးလည်းမဟုတ်...
ထူးမခြားနားခံစားချက်ပေါင်းစုံစုဝေးနေတတ်တဲ့ ခံစားချက်ကတော့...
ကျွန်မရဲ့ သင်္ကြန်နဲ့ ပတ်သက်တဲ့ ခံစားချက်ဟု..ကင်ပွန်းတပ်ရမလိုပင်..။
မှန်ပါသည်..။သင်္ကြန်ကိုကျွန်မချစ်သည်..။သင်္ကြန်ကိုကျွန်မတန်ဖိုးထားသည်။
သင်္ကြန်နှင့်ပတ်သက်သည့် မကင်းရာမကင်းကြောင်း မှန်သမျှကိုလည်း တန်ဖိုးထားသည်..။အဘယ့်ကြောင့်ဆိုသော်..ကျွန်မသည် သင်္ကြန်ကိုချစ်သော မြန်မာမလေးတစ်ဦးဖြစ်သောကြောင့်ပင်ဖြစ်သည်...။


ကျွန်မ၏ ငယ်ဘ၀ သင်္ကြန်ပုံရိပ်များကတော့ အင်မတန်ကိုမှ..မြန်မာနံ့ သင်း
လေသည်..။ကျွန်မဖေကြီးတာဝန်ကျရာ ရွာလေးမှာ ဆင်နွှဲခဲ့ရသော
လေးနှစ်တာ သင်္ကြန်ကာလများသည်ကား ကျွန်မအဖို့  ယခုချိန်ထိ..မမေ့
နိုင်သော ပကာသနမဖက်သည့် မြန်မာသင်္ကြန်စစ်စစ်ပင်ဖြစ်သည်..
စာသင်ကျောင်းပေါက်တွင် ရေပုံးကြီးနှစ်ပုံးချပြီး လာသမျှ လူတိုင်း (ဥပုသ်သည်ပါမကျန်) ရေလောင်းခဲ့ဖူးသည်..။ဥပုသ်သည်ဆိုတာ ရေမလောင်းကောင်းဘူး...ငရဲကြီးတတ်တယ် ဟု မေမေက ဘယ်လောက်ပြောပြော
မလောင်းရဘူးဆိုသူများကို လောင်းရတာကိုက အရသာတစ်မျိုးရှိနေလေရာ
အဆူခံ အရိုက်ခံပြီး ရေလောင်းခဲ့ဖူးသည်...။


ရွယ်တူ ယောကျာ်းလေးသူငယ်ချင်းများလိုလည်း နို့ ဆီခွက်ထဲရေထည့်ပြီး
ခွက်စောင်းခုတ်ခဲ့ဖူးသည်...။ဖောင်းကနဲ မိမိခုတ်လိုက်သည်တွင် တစ်ဘက်
မှ အောင်မလေးဗျဟုအော်ပြီး ကျောကော့သွားသည်ကို ကြည့်ရသည်မှာလည်း...အရသာတစ်မျိုးပင်..။ငယ်နုစဉ်အခါကတော့ ထိုလုပ်ရပ်သည် မတရားဘူးဆိုတာကို မသိခဲ့ရိုးအမှန်ပင်..။ထို့ ထက်ပိုပြီး
ခွက်စောင်းခုတ်ပက်ခဲ့သောကြောင့် ညဘက်တွင် မိမိလက်မောင်းများ
မခံနိုင်အောင်ကိုက်ခဲနာကျင်ရသည်မှာလည်း ကံကံ၏အကျိုးဆိုတာကို..
ပိုလို့ နားမလည်ခဲ့ချေ..။ယခုမူတွင်ကား...အကြောင်းကြောင့် အကျိုးဖြစ်
သည့်သဘောကို အလုံးစုံယုံကြည်ထားသည်မို့ ...ငယ်ဘ၀ အပြူအမူများ
ကတော့ ရှက်ရွံ့ ဖွယ်ဖြစ်နေပေသည်..။

ကျွန်မတို့ နေခဲ့သောရွာလေး၏ သင်္ကြန်တွင်းထူးခြားသော ဓလေ့လေးလည်း
ရှိပေသည်..။၎င်းမှာ အခြားတော့မဟုတ်..။ညဘက် ထမင်းစားနေချိန်
အိပ်နေချိန်များတွင်အလစ်ဝင်ရု...ရေပုံးကြီးဖြင့်..ဗွမ်းကနဲ ရေခိုးလောင်း
သောဓလေ့လေးပင်ဖြစ်သည်..။ဆာဆာနှင့်ထမင်းကုန်းစားနေတုန်းထိုကဲ့သို့ .ရေလောင်းခံရသည့် ဖြစ်ရပ်မှာအမှန်တကယ်တွင်..စိတ်ဆိုးချင်စရာကောင်းသော်လည်း...ထိုသို့ ရေလောင်းခံရသော မည်သူမဆို စိတ်မဆိုးကြချေ..
နောက်တစ်နေ့ မနက်တွင်..ညကမိမိတို့ မိသားစု ရေလောင်းခံရသည်ဟုပင်..ဂုဏ်ယူပြီးပြောတတ်ကြသေးသည်..။ ခွင့်လွှတ်သည်းခံတတ်သော ချစ်စရာ
မြန်မာ့ဓလေ့လေးတစ်ခုပင်..။

သင်္ကြန်နှင့် ခွဲလို့ မရသော မုန့် တစ်ခုမှာ မုန့် လုံးရေပေါ်ပင်ဖြစ်သည်...။
သင်္ကြန်ချိန်ခါမျိုးတွင်...အိမ်တိုင်းလိုလို မုန့် မလုပ်သော သူဟူရု မရှိချေ..။
မုန့် လုံးရေပေါ်ကို အများစုလုပ်ကြသည်...။တစ်ချို့ က ရွှေရင်အေး..၊တစ်ချို့ 
က...ကျောက်ကျော..၊တစ်ချို့ က..မုန့် လက်စောင်း..၊တစ်ချို့ က..သာကူကြို..နှင့်တစ်ချို့ က ပေါင်မုန့် အုန်းနို့ ဆမ်းများလုပ်ကြသည်...။မုန့် အားလုံးသည်..မြန်မာ့ပါးစပ်နှင့် ခံတွင်းတွေ့ စရာများချည်းသာဖြစ်သည်..။ကျွန်မတို့ ကလေး
တစ်သိုက်ကတော့ မုန့် လုပ်သည့်နေရာမှ မခွာတော့...။ထိုကဲ့သို့ အနားလာ
လို့ လည်း ငြိုငြင်မည့်သူ မရှိကြ..။သူ့ ထက်ငါ ခေါ်ရ်ုကျွေးကြသည်..။မုန့် လုံး
ရေပေါ်စားရင်း...အထဲမှ ငရုတ်သီးကိုက်မိလျှင်...ကံထူးသူဟု အများက
သတ်မှတ်သည်ကို ခံရသေးသည်...။

ကိုကိုကာလာသားကြီးများက အပျိုမမများကို ပိုးပန်းရု..ရေလာလောင်းကြ
သည်..။ပိတောက်ပန်းလက်ဆောင်ပေးကြသည်...။ထိုအခါ ကျွန်မတို့ ကလေး
တစ်သိုက်မှာ ထိုကာလာသားကြီးများ၏ နောက်ကျောကို ခွက်စောင်းများဖြင့်
ဗျောတင်ကြသည်..။တစ်ချို့ မှာ နာရ်ုကျောကော့သွားသော်လည်း..စိတ်မဆိုး
ကြ...။ကျွန်မတို့ အပေါ်တွင် အာရုံမရှိကြ...။တစ်ချို့ ကျတော့လည်း..အောင်
မလေးဗျဟု...အော်ပေးတတ်သည်..။ထိုအခါမျိုးတွင်..မိမိလက်သံ အင်မတန်ပြောင်သည်ဟု..အချင်းချင်းကြားတွင်..ကြွားတတ်ကြသေးသည်..။

သင်္ကြန်
သင်္ကြန်...
နှစ်စဉ်နှစ်တိုင်း မပြောင်းလဲသော...မြန်မာ့နှစ်သစ်ကူးပွဲတော်ကြီးကတော့
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလို့  လာခဲ့ချေပြီ..။သင်္ကြန်သည် သူ၏ မူပိုင် ဝေါဟာရ...မူပိုင်ဂုဏ်သတ္တိတို့ ဖြင့် သူ့ အားကြိုဆိုမည့်သူများ
ရင်ခွင်ကို ဆင်းသက်ရန် အသင့်ရှိနေလေပြီ...။ဘယ်သူတွေက ဘယ်လို
ကြိုဆိုကြမလဲ..။ဘယ်သူတွေကသူ၏ဂုဏ်သတင်းကို ကောင်းမွန်စွာ ဖော်ကျူးကြမလဲ...ဘယ်သူတွေကတော့သူ၏ဂုဏ်သတင်းကို...ရိုင်းပျစွာ ဖော်ကျူးကြမလဲဆိုတာကိုတော့..သူလည်းသိချင်ပေလိမ့်မည်..။သေချာသည်က
တော့ သင်္ကြန်သည် သင်္ကြန်ပီသစွာ လူသားအားလုံးကို အေးမြကြည်လင်
သောခံစားချက်တို့ ပေးမည်မှာ မလွဲချေ..။သူပေးလာသော အေးချမ်း
ကြည်လင်သည့် ခံစားချက်ကို အပြည့်အ၀ ရသည် မရသည်ကတော့..ခံယူသူတို့ အပေါ်တွင် များစွာ တည်မှီနေမည်ဖြစ်ပေသည်..။




ချစ်ခင်လေးစားလျှက်
ဆုဂျေ
13.4.2013

No comments:

Post a Comment