ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Friday, February 15, 2013

♥*♥*♥*♥*♥*♥ သခင် စေလိုရာစေ ♥*♥*♥*♥*♥*♥

♥*♥*♥*♥*♥*♥ သခင် စေလိုရာစေ ♥*♥*♥*♥*♥*♥

♥*♥ ရင်မှာဖြစ်တည်

ဖန်ဆင်းလေသော

ချစ်ခြင်းများစွာ

မနှစ်လိုသူ

တမင်ဖယ်ခွာ



စိမ်းရက်နိုင်တယ် ♥*♥

♥*♥ ယုံကြည်အပ်နှင်း

မြတ်နိုးခြင်းတို့

မခုံမင်သူ

ကမ္ဘာအဝေး

ရှောင်ပုန်းပြေးထွက်

ထားရက်နိုင်တယ် ♥*♥

♥*♥ မတွေ့တစ်ရက်

တွေ့တစ်ရက်တို့

ကုန်ပါစေကြောင်း

တောင်းဆုခြွေရင်း

မမြင်လိုသူ

ပုန်းရက်နိုင်တယ် ♥*♥

♥*♥ ဆိုင်သူကိုယ်စီ

ရှိပါသော်လည်း

အချစ် ဆိုသည်

တားရန်ခက်မို့

မြင်နေခွင့်လေး

ထားရှိပေးပါ ♥*♥

မူရင်းလင့်https://www.facebook.com/myo.mama.12

No comments:

Post a Comment