ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Monday, February 11, 2013

နင်ပျော်ပါစေ

*အချစ်နဲ့ အမုန်းကြား
ငါ ဗျာများနေရပြီ...

*မုန်းတယ် လို့ မပြောရက်သလို
ချစ်တယ် လို့လည်း ငါပြောမထွက်တော့ဘူး...

*ငါ့ နှလုံးသား က ချစ်ချင်ပါသေးတယ်
ငါ့ မာနက ခွင့်မပြုတော့ဘူး...

*ငါ ဆက်ပြီး သစ္စာရှိချင်ပါသေးတယ်..
ဒါပေမယ့်
နင့် လုပ်ရပ် တွေက ငါ့ယုံကြည်မှုတွေကို ရိုက်ချိုးနေတယ်...

*နင့်ကိုမေ့လိုက်ဖို့ မဖြစ်နိုင်ပေမယ့်
ငါ ဆက်ပြီးလည်း မလွမ်းရဲတော့ဘူး...

တော်ပါပြီ ချစ်သူ...~~

*အချစ် တွေအားလုံး
အလွမ်းထဲသာ ပစ်ထည့်လိုက်ပါတော့..

*နင်နဲ့ငါကြားက
သံသယ ပင်လယ်ထဲ
နားလည်မှု တံတားမထိုးနိုင်မှတော့
ငါတို့နှစ်ယောက်လည်း
၃ နဲ့ ၄ လို ကျောခိုင်းရုံပေါ့

♫ တစ်ချိန်က ချစ်သူတော်ခဲ့ဖူးတဲ့ သူစိမ်းလူရေ.....♫

ဒီတစ်နှစ် Valentine's Day မှာ

♥ နင် ပျော်ရွှင်ပါစေ. ♥

No comments:

Post a Comment