ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Monday, February 11, 2013

ချစ်သူဆိုတာနားလည်မှုရှိဖို့လိုအပ်

♥♥ ကိုယ်ချစ်တဲ့သူနဲ့ တစ်ဘ၀လုံးအတူတူ ပျော်ပျော်ရွှင်ရွှင်နေချင်ကြတာ လူတိုင်းပါပဲ..

♥♥ အဲဒီလို နေနိုင်ဖို့ဆိုရင် တစ်ယောက်ကို တစ်ယောက်ချစ်မြတ်နိုးရုံနဲ့ မလုံလောက်တော့ပါဘူး..

♥♥ ဘ၀လမ်းတစ်လျှောက် ရင်ဆိုင်ကြုံတွေ့ရမယ့် အခြေအနေတွေ ပြဿနာတွေကို အေးအတူ ပူအမျှ မျှဝေခံစားနိုင်ဖို့၊ မောင်တစ်ထမ်း မယ်တစ်ရွက် တက်ညီလက်ညီကြိုးစားနိုင်ဖို့ လိုပါတယ်..

♥♥ တစ်ယောက်ထဲသမားတွေက မြင်းလှည်းနဲ့တူပါတယ်.. အရှိန်ပြင်းပြင်းသွားသွား နှေးနှေးသွားသွား ဘာလုပ်လုပ် ဘယ်သူနဲ့မှ ညှိစရာမလိုတော့ လွတ်လွတ်လပ်လပ်ပဲ ခရီးနှင်နိုင်ပါတယ်..

♥♥ ဘ၀ခရီးဖော်ရှိတဲ့သူတွေကျတော့ နွားလှည်းနဲ့တူပါတယ်.. အချင်းချင်းနားလည်မှုရှိပြီး ညှိနှိုင်းနိုင်မှ ဘ၀ခရီးလမ်းမှာ အဆင်ပြေမှာပါ.. တစ်ယောက်က အရမ်းကြိုးစားပေမယ့် နောက်တစ်ယောက်က ပါမလာရင်၊ ကိုယ့်လိုမလုပ်ဆောင်နိုင်ရင် ကြိုးစားတဲ့သူက အရမ်းပင်ပန်းပါတယ်.. ကျန်တဲ့သူကလည်း လိုက်လျောညီထွေ မဖြစ်တဲ့အခြေအနေမှာ အဆင်ပြေမှာ မဟုတ်ပါဘူး.. ဘယ်လိုမှ သာယာပျော်ရွှင်တဲ့ဘ၀လေး ဖြစ်လာမှာ မဟုတ်ပါဘူး..

♥♥ ဒါကြောင့် ကိုယ်ချစ်တဲ့သူနဲ့အတူ ဘ၀ခရီးလမ်းကို ပျော်ပျော်ရွှင်ရွှင်လျှောက်လှမ်းနိုင်ဖို့အတွက် အပေးအယူမျှပြီး နားလည်မှုရှိဖို့လိုတယ်ဆိုတာကို ဒီဥပမာလေးတွေနဲ့ သတိပေးပါရစေနော်..

(ရင်နှင်းငယ်)

No comments:

Post a Comment