ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, February 24, 2013

ဘယ်လိုမိန်းကလေးမျိုးက ချစ်သူကောင်း၊ချစ်သူစစ်ဖြစ်နေသလဲ

ဘယ်လိုမိန်းကလေးမျိုးက ချစ်သူကောင်း၊ချစ်သူစစ်ဖြစ်နေသလဲ
*****************************************

(၁)တကယ်ချစ်တဲ့  မိန်းကလေးတစ်ယောက်ဆီမှာ….သူ ချစ်တဲ့  ယောက်ျားလေးအတွက် မာနတွေ၊သိက္ခာတွေ၊အတ္တတွေမရှိတော့ ဘူး။သူပျော်ဖို့ ၊သူဘာလိုအပ်လည်းဆိုတာတွေကိ
တွေးပြီး သူပျော်ရင်ပြီးတာပဲဆိုတဲ့  ခံစားချက်လေးတွေနဲ့  အရာရာကို အရှုံးပေး…၊နားလည်းပေးချစ်နိုင်တဲ့သူပေါ့။ဒါကြောင့်လည်း တခါတလေမှာ….အမေတစ်ယောက်လို၊အမတစ်ယောက်လို

တဗျစ်တောက်တောက်နိုင်တဲ့ စကားတွေပြောပြီး၊တခါတလေ ကျတော့  အပြစ်ရှိသူတစ်ယောက်လို ခေါင်းငုံ့ခံတက်ကြတယ်။မာနကိုအရောင်တင်တဲ့  မိန်းမတိုင်းအတွက် တကယ်မချစ်ရင် အနစ်နာခံဖို့ ဆိုတာအိမ်မက်ထဲမှာပဲရှိတော့ မှာပေါ့……..

(၂)တခါတလေ ချစ်သူကိုတွေ့ချင်စိတ်ကြောင့်သာမဟုတ်ရင်…ဂိမ်းဆိုင်လိုဖြစ်နေတဲ့ အင်တာနက်ဆိုင်
မျိုးကိုသူတို့ ယောင်လို့ တောင်ခြေချမှာမဟုတ်ဘူး…၊လိပ်လိုနှေးနေတဲ့ ကွန်နက်ရှင်ကြားမှာ ချစ်တဲ့ စိတ်သာမရှိရင် ကြာကြာထိုင်နိုင်မှာမဟုတ်ဘူး…၊အော်ခေါ်မကြားနိုင်တဲ့ ဖုန်းလိုင်းတွေကြားမှာ အိပ်ချင်စိတ်တွေကြီးစိုးနေသည့်တိုင် ညနက်ထိလည်း တကယ်မချစ်ရင်မျှော်လင့်ချက်တွေနဲ့စောင့်မျှော်နေကြမှာမဟုတ်ဘူး… သူတို့  သိပ်ချစ်နေလို့ သာအရာရာကို ဥပေက္ခာပြုနိုင်ကြတာမဟုတ်လား……….

(၃)ပိုချစ်တဲ့ မိန်းကလေးဆိုတာ သင့်အတွက်တော့  ဒုတိယမိခင်ပေါ့။မွေးနေ့ လိုနေ့ မျိုးမှာ နေပူကျဲတဲဘုရားပေါ်တက် ဆုတောင်းချင်တောင်းပေးနေလိမ့် မယ်။သင်အလုပ်အကိုင်တွေ အဆင်ပြေစေဖို့ ၊နေကောင်းကျန်းမာစေဖို့ ဘုရားစာကိုမချပဲ ဆုတောင်းပေးချင်ပေးနေလိမ့် မယ်။ဇောင်းတန်းက အလှူခံဖြတ်ပိုင်းလေးကို အမှတ်တရ သိမ်းထားချင်သိမ်းထားနေလိမ့် မယ်….။အမှတ်တရတွေအများကြီးကိုသိမ်းဆည်းတက်တဲ့  မိန်းမတွေအတွက် သင်လည်းသိမ်းဆည်းခံသူတစ်ယောက်ဖြစ်ခဲ့ရင် ဂုဏ်ယူဖို့ ကောင်းနေပါပြီ….။

(၄)ကိုယ်ရောစိတ်ပါချစ်နိုင်တဲ့ မိန်းကလေးမျိုးဆိုတာ သင့်အပူမီးတွေကိုပါ ကူးစက်ခံစားနေနိုင်သူပေါ့။အနည်းဆုံး ဘောလုံးပွဲရှုံးလို့  စကားတွေမာလာရင်တောင် ပြုံးပြုံးလေးနေနိုင်တက်သူပေါ့။တကယ်ချစ်တဲ့  မိန်းကလေးဆိုတာ သင့်အိမ်အပူမီးတွေ၊သင့်ရဲ့ကိုယ်ရေးကိုယ်တာတွေအတွက်ပါ ကိုယ်စိတ်နွမ်းနေသည့်တိုင် တဖွဖွမှာပေး၊လုပ်ပေးနေလိမ့် မယ်။တကယ်မချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ပါးစပ်ဖျားမှာ သင့်အကြောင်းထက် မနေ့ က တင်တဲ့ ရုပ်ရှင်ဇတ်ကားလောက်နေရာယူနိုင်မှာမဟုတ်ဘူးလေ…….။

(၅)သင်အရက်သောက်တက်ရင်၊ဆေးလိပ်သောက်တက်ရင် မသောက်ဖို့ ကို တင်းတင်းကြပ်ကြပ် တားမြစ်တာထက် ကျန်းမာရေးမကောင်းဖြစ်မှာပေါ့  ဥပမာပေးတားမြစ်နေလိမ့် မယ်။သင်စိတ်တိုင်းကျလွတ်လပ်စွာ နေထိုင်တာကို ချစ်တဲ့ စိတ်နဲ့ ခွင့်လွှတ်ပေးနိုင်ချင်နိုင်လိမ့် မယ်။သေချာတာကတော့ သူတို့အပေါင်းအသင်းတွေကြားမှာ သင့်ကောင်းကြောင်းတွေပြောပြနေချင်တဲ့  မိန်းမလေးတွေဆိုတာကိုတော့ သတိပြုမိစေချင်တယ်။ဥပမာ မောင့်က ငါ့စကားဆိုနားထောင်တယ်ဆိုတာမျိုး၊ငါ့ကို လည်းသိပ်ချစ်တာ၊ဖုန်းလည်း မအားတဲ့ ကြားက ဆက်ရှာတယ် ဆိုတာမျိုးတွေပေါ့။

(၆)အစွန်းရောက်တယ်ဆိုတဲ့ခံစားချက်တွေကိုမွေးဖွားလေ့ရှိတာ တကယ်ချစ်တဲ့ မိန်းကလေးတွေဆီမှာပါ။သင်ကွယ်ရာမှာ ရှုပ်တာသိနေသည့်တိုင်အောင်၊အကောင့်တွေအများကြီးနဲ့ ကျူနေတာသိနေ သည့်တိုင်အောင်၊ဘောလုံးကန်တာတွေနဲ့  အကြောင်းပြချက်များစွာပေးပြီး တွေ့ချိန်နည်းပါးနေသည့်တိုင်အောင် တကယ်ချစ်တဲ့ မိန်းကလေးတွေရဲ့ ချစ်စိတ်နဲ့ နားလည်ပေးနိုင်စွမ်းဆိုတာ ၁နဲ့  ၁ ပေါင်းလို့  ၂ ရတာကိုတောင်သင်ကျက်တာခက်နေဦးမယ်။သူတို့ ဒီလောက်ထိကို လွယ်လွယ် ကူကူနားလည်ပေးနိုင်စွမ်းရှိကြပါတယ်။ဒါပေမဲ့  သိပ်ချစ်တာကိုတော့ ခုတုံးမလုပ်မိစေနဲ့ ပေါ့။အရမ်းချစ်ပြီးရင်တော့  သူတို့  ဆီမှာ အရမ်းနာကျည်းဖို့ ပဲကျန်တော့ တယ်လေ….။

(၇)နာကျင်စရာအပြုအမူတွေဘယ်လောက်ပြုခံရခံရ၊၀မ်းနည်းစရာစကားလုံးတွေဘယ်လောက်ပြောခံရခံရ၊နေ့ တိုင်းပဲ ငိုနေရငိုနေရ….တကယ်ချစ်တဲ့  မိန်းကလေးဆိုတာ သူတို့ချစ်တဲ့  ချစ်သူဆီက စကားလုံးလေးတလုံးကြားတာနဲ့  လွယ်လွယ်ကူကူ သင်ပုန်းချေနိုင်စွမ်းရှိသူတွေပါ….။ဒီတော့  စိတ်ဆိုးစိတ်ကောက်အောင်လုပ်ပြီးရင် ပြန်ချော့ ဖို့မမေ့ ပါနဲ့။ဝမ်းနည်းစရာအပြုအမူလုပ်ပြီးရင် ပျော်ရွှင်စေအောင်လုပ်ပေးဖို့ လည်းမမေ့ ပါနဲ့။တကယ်ချစ်တဲ့  မိန်းကလေးတွေဆိုတာ သင့်ကိုချစ်စိတ်တခုတည်းနဲ့  အရာရာအရှုံးပေးပြီးချစ်တဲ့ သူတွေပါ…။

အရာအားလုံးပြီးပြည့်စုံတယ်မဟုတ်တောင်….ဒီအချက်လေးတွေရှိနေရင် သင့်မှာ မြတ်နိုးစရာကောင်းတဲ့ ချစ်သူမိန်းကလေးရှိနေပါပြီ။အားနွဲ့သူဆိုတဲ့  ဂုဏ်ပုဒ်ကို သူတို့ နေရင်းထိုင်ရင်းရလာတာမဟုတ်ဘူးလေ။သူတို့မှာ ဘာဂုဏ်ဒြပ်တွေပိုင်ဆိုင်နိုင်နေပါစေ၊ဘယ်လောက်မျိုးကြီးဆွေကြီးထဲကဖြစ်နေပါစေ……
မိန်းမဟာ မိန်းမတစ်ယောက်ပါပဲ…. သူတို့ သိမ်ငယ်မှု့တွေကိုလစ်လျူမရှု့မိပါစေနဲ့ နော်…………

(ပုံရိပ်စစ်)

ကူးယူခဲ့သည့်လင့် http://achitooyin.ning.com/profiles/blogs/6569903:BlogPost:49210

No comments:

Post a Comment