ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......

Thursday, April 25, 2013

►►►►► ရင်လွဲသူ မှတ်တမ်း ►►►►►

►►►►► ရင်လွဲသူ မှတ်တမ်း ►►►►►

++++++ သံယောဇဉ် ထုထည်တွေကြောင့်

ရင်ကွဲမတက် နာကျင်ရတယ်......တဲ့လား

ကမ္ဘာကျော် သီအို၇ီ တွေထက်

Thursday, April 18, 2013

၁ နှစ်ကျော်အရွယ်ရှိသော ကလေးငယ် ၂ ဦးအားလက်ထပ်ပေးရန်စီစဉ်ခဲ့

ရခိုင်ပြည် ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာတွင် အသက်(၁)ကျော်နှစ်သာရှိသေးသည့် ကလေး ငယ်(၂)ဦးကို မိဘများက ဧပြီလ ၈ ရက်နေ့တွင် လက်ထပ်ပေးရန်စီစဉ်ကြရာ ရဲများမှ အခြေအနေ အား လာရောက် မေးမြန်ခဲ့သဖြင့် မိဘများက ၎င်း တို့အား အပြစ်ပေးမည်ကို စိုးရိမ်ကာ မင်္ဂလာပွဲအား ဖျက်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

Sunday, April 14, 2013

၁၃၇၄ခုနှစ် သင်္ကြန်မြင်ကွင်းများ(၁)

....

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် အတာသင်္ကြန်နှစ်သစ်ကူး အခါသမယ မိန့်ခွန်း

နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် အတာသင်္ကြန်နှစ်သစ်ကူး
အခါသမယ မိန့်ခွန်း
======================================

နေပြည်တော် ဧပြီ ၁၄

မိဘပြည်သူများခင်ဗျား

ယခုကဲ့သို့ အတာသင်္ကြန်နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ နေရာဒေသ အနှံ့အပြားမှာ မိမိတို့ မြန်မာနိုင်ငံသား အားလုံး အသက်အရွယ်ကြီးငယ်မရွေး ပျော်ရွှင်စွာ ပါဝင်ဆင်နွဲကြတဲ့ အစည်ကား အသိုက်မြိုက်ဆုံးဖြစ်တဲ့ ရိုးရာပွဲတော်တစ်ရပ် ဖြစ်ပါတယ်။ ယခုလို အတာသင်္ကြန် နှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပထမ ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်။

၁၃၇၄သင်္ကြန်ဟာသ(၁)

တူးပို့ဘဲလုပ်နော် .. မူးဖို့လုပ်လို့ကတော့
ကာတွန်း ဝေယံ(တောင်ကြီး)

( မိုးမခ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

Saturday, April 13, 2013

သိကြားမင်းနဲ့သင်္ကြန်ပြင်ဆင်ချက်

ဟဲ့.. မာတလိ

အမိန့်ရှိပါဖျားးးး

ဒီနှစ်သင်္ကြန် လူ့ပြည်ဆင်းဖို့ စီးတော်က ဘာကောင်တုန်းဟဲ့

ကားတွေသွင်းခွင့်ရနေပြီပဲဖျား... ပြိုင်ကားလေးနဲ့ဆင်းကြတာပေါ့

နင့်လမ်းတွေက ပိတ်ကပိတ်နဲ့ဟယ်

ကုန်းတံတားတွေတော့ ဖွင့်တာဖွင့်ကုန်ပြီ ကြားတယ်ဖျားးး

အေးပေါ့.. အပေါ်မှာကားပိတ်တော့ အပေါ်စီးရှု့ခင်းလေးကြည့်ရတာပ...

အရှင့် အိုင်ပက်အတွက် ခွေးရေကာဗာလဲ မှာထားပြီးပြီဖျာ့

မနေ့ညက ငါ့ ပီအက်စ်အိုအခန်းရှေ့ ရုတ်ရုတ်ရုတ်ရုတ်နဲ့ ဘာတွေဖြစ်ပြန်ပြီလဲ...

အာ.. အဲ့ဒါပြောမလို့ဖျာ့... ချန်ပီယံလိဂ်ကောင်းနေတာနဲ့မေ့သွားတာ...

နင့်မလဲ... သတိလေးရဖို့.. သတိပေးကော်မရှင်တောင် ဖွဲ့ပေးရမလိုပါလား ကဲခုပြော

လူ့ပြည်က သာသနာစောင့်နတ်မင်းကြီးလေးပါး အဆောင်လာတောင်းနေတာပါဖျားး

ဟဲ့ လာပြန်ပလားဟဲ့ လူ့ပြည်က
ဟိုတစ်လောကတောင် တောစောင့်နတ်တွေ နေစရာမရှိတော့လို့ဆိုပြီး ပေးလိုက်ရသေးတယ်လေ
အဆောင်တွေရော ကျန်သေးရဲ့လား..

ကျန်ပါသေးတယ်ဖျာ့... လမ်းတွေဖောက်ဖို့ပဲ လိုတာပါဖျာ့

ဒါနဲ့နေပါဦး သူတို့ကို လူ့ပြည်မှာနေပြီး သာသနာတော်ကို စောင့်ရှောက်ရအောင် ထားတာလေ
ဘယ်နှယ့် ဒီမှာ အဆောင်ပြန်လာတောင်းနေတာတုန်းဟ

သာသနာတော်ကို စောင့်ရှောက်နေတုန်း.. နောက်ကွယ်ကကြိုးကိုင်တယ်ဆိုပြီး
ဆွဲစိခံရတော့မလို့တဲ့ဖျား... အပြေးကောင်းတာတောင်
ဆိုင်ကယ်တစ်စီး မီးလောင်ကျန်ခဲ့တယ်ဆိုပဲ ဖျာ့

ဟ.. ဟ ဆိုးချက်က လန်ထွက်နေပါလားဟ..

လန်ချက်က +9 လောက်ရှိတယ်ဖျား.. သူတို့မပြောနဲ့..
သူတို့အကောင့်တွေ အဟက်ခံရတော့ ကျနော်မျိုးရဲ့ တာဝတိံသာအက်ဒ်မျင်အကောင့်တောင် မနည်းပြန်လုပ်ယူရတယ်ဖျာ့... ဖေ့စ်ဘွတ်ပေ့ဂ်ျတွေကတော့ ပါကုန်ပြီဖျားးး

ဂလိုဆို ငါတို့တောင် ဒီသင်္ကြန်ဆင်းဖို့ ဖြစ်ပါ့မလားဟ.

အရင်နှစ်တွေတုန်းက လုံခြုံရေးယူပေးနေကျ ဆူးလေဘိုးဘိုးကြီးကတော့
တာဝန်မယူနိုင်ဘူးလို့ သတင်းပို့ထားတယ်ဖျာ့...
သူတောင် ပတ်ပတ်လည် အဝိုင်းခံထားရလို့ မုတ်ဆိတ်ထားပြီး ရောနေရတယ်တဲ့

ဟေ.. အဲ့လိုတောင်ဖြစ်ကုန်ပလားဟ..

အရှင်လဲ မလွယ်လောက်ဘူးဖျာ့... အခုကာလက အရှင့်ရဲ့ သာသနာဆိုတော့
အရှင့်ကိုလဲ.. လူနည်းစုကို နှိပ်ကွပ်တယ်.. သူတစ်ပါးဘာသာကို မစောင့်ရှောက်ဘူး
ဘာသာရေးလွတ်လပ်ခွင့်မပေးဘူးဆိုပြီး... အစိခံရနိုင်တယ်ဖျာ့

ဟေ ဆိုးနေပ့ါလားဟ.. ဂလိုဆိုလဲ..
ဒီနှစ်တော့ ငါတို့လည်း..
ကျန်းမာရေးအခြေအနေအရ မိမိသဘောဆန္ဒအလျှောက်
လူ့ပြည်ဆင်းခြင်းမှ ကင်းလွတ်ခွင့်ပြုလိုက်သည်လို့.. အမိန့်ထုတ်လိုက်တော့ကွယ်

ဖေ့စ်ဘွတ်မှာပါတင်လိုက်ရမလားဖျာ့

ကောင်းမယ်ထင်သလိုသာ စီမံပေတော့ဟရို့

(credit to Original Writer - ငှက်ကျား)

ဖေ့စ်ဘွတ်မှာပါတင်လိုက်ရမလားဖျာ

ကောင်းမယ်ထင်သလိုသာ စီမံပေတော့ဟရို့

(credit to Original Writer - ငှက်ကျား)

စတိတ်ရှိုးပွဲတွင် တင်ပါးကိုင်သည့်အတွက် စိုင်းစိုင်းနှင့် သက်မွန်မြင့်၏ ချစ်သူတို့ ပြဿနာ ဖြစ်ပွား

စတိတ်ရှိုးပွဲတွင် တင်ပါးကိုင်သည့်အတွက် စိုင်းစိုင်းနှင့် သက်မွန်မြင့်၏ ချစ်သူတို့ ပြဿနာ ဖြစ်ပွား
======================================

မကြာသေးမီက ကျင်းပခဲ့သော စိုင်းစိုင်း မွေးနေ့ စတိတ်ရှိုးတွင် စိုင်းစိုင်းခမ်းလှိုင်က သက်မွန်မြင့်အား ပွေ့ချီနေသည့်ပုံများ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။

ယင်းပုံနှင့်ပတ်သက်၍ သက်မွန်မြင့်၏ ချစ်သူဖြစ်သူ ကိုမျိုးအောင်သန်းက Fuji House အမည်ရှိ ကော်ဖီဆိုင်တွင် ၁၁.၄.၂၀၁၃ နေ့က စိုင်းစိုင်းနှင့်ဆုံမိစဉ် မကျေမနပ်ပြောကြားရာမှ အချေအတင် စကားများခဲ့ကြကြောင်း သိရသည်။

ထို့နေ့က မျက်မြင်တွေ့သူများက ပြောကြားရာတွင်
ကိုမျိုးအောင်သန်းမှာ အနည်းငယ် မူးယစ်နေခဲ့ကြောင်း စိုင်းစိုင်းအားတွေ့သည်နှင့် အပြေးလျှောက်သွားကာ မကျေမနပ်ပြောခဲ့ကြောင်း ၄င်း၏အသွင်မှာ ရန်ပြုမည့် အသွင်မျိုးဖြစ်နေ၍ ဘေးလူများက ၀ိုင်းဝန်းဆွဲကြရာမှ အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရကြောင်း သိရသည်။

ပြဿနာမှ အကျယ်အပြန့်ဖြစ်ပွားခြင်းမရှိသော်လည်း သိရှိလိုက်ရသူများအဖို့ ဟာသသဖွယ် ပြောစရာတစ်ရပ် ဖြစ်သွားခဲ့လေသည်။

Credit @ ဖြိုးဝေ
စတိတ်ရှိုးပွဲတွင် တင်ပါးကိုင်သည့်အတွက် စိုင်းစိုင်းနှင့် သက်မွန်မြင့်၏ ချစ်သူတို့ ပြဿနာ ဖြစ်ပွား
======================================

မကြာသေးမီက ကျင်းပခဲ့သော စိုင်းစိုင်း မွေးနေ့ စတိတ်ရှိုးတွင် စိုင်းစိုင်းခမ်းလှိုင်က သက်မွန်မြင့်အား ပွေ့ချီနေသည့်ပုံများ အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည်ကို တွေ့ရသည်။

ယင်းပုံနှင့်ပတ်သက်၍ သက်မွန်မြင့်၏ ချစ်သူဖြစ်သူ ကိုမျိုးအောင်သန်းက Fuji House အမည်ရှိ ကော်ဖီဆိုင်တွင် ၁၁.၄.၂၀၁၃ နေ့က စိုင်းစိုင်းနှင့်ဆုံမိစဉ် မကျေမနပ်ပြောကြားရာမှ အချေအတင် စကားများခဲ့ကြကြောင်း သိရသည်။

ထို့နေ့က မျက်မြင်တွေ့သူများက ပြောကြားရာတွင်
ကိုမျိုးအောင်သန်းမှာ အနည်းငယ် မူးယစ်နေခဲ့ကြောင်း စိုင်းစိုင်းအားတွေ့သည်နှင့် အပြေးလျှောက်သွားကာ မကျေမနပ်ပြောခဲ့ကြောင်း ၄င်း၏အသွင်မှာ ရန်ပြုမည့် အသွင်မျိုးဖြစ်နေ၍ ဘေးလူများက ၀ိုင်းဝန်းဆွဲကြရာမှ အနည်းငယ်ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရကြောင်း သိရသည်။

ပြဿနာမှ အကျယ်အပြန့်ဖြစ်ပွားခြင်းမရှိသော်လည်း သိရှိလိုက်ရသူများအဖို့ ဟာသသဖွယ် ပြောစရာတစ်ရပ် ဖြစ်သွားခဲ့လေသည်။မူရင်းလင့်https://www.facebook.com/mingyiyannaung999
မူရင်းလင့်

**သင်္ကြန်**

**သင်္ကြန်**

သင်္ကြန်ဟူသော ဝေါဟာရတစ်ခုကို ဖွင့်ကြည့်မိတိုင်း ရင်ထဲမှာ အမျိုးအမည်
မသိသော ခံစားချက်တို့  ကွန်းခိုတတ်စမြဲပါပဲ..။ထူးထူးခြ
ားခြားပျော်နေ
တာမျိုးလည်းမဟုတ်...ထူးထူးခြားခြား လွမ်းဆွတ်နေတာမျိုးလည်းမဟုတ်...
ထူးမခြားနားခံစားချက်ပေါင်းစုံစုဝေးနေတတ်တဲ့ ခံစားချက်ကတော့...
ကျွန်မရဲ့ သင်္ကြန်နဲ့ ပတ်သက်တဲ့ ခံစားချက်ဟု..ကင်ပွန်းတပ်ရမလိုပင်..။
မှန်ပါသည်..။သင်္ကြန်ကိုကျွန်မချစ်သည်..။သင်္ကြန်ကိုကျွန်မတန်ဖိုးထားသည်။
သင်္ကြန်နှင့်ပတ်သက်သည့် မကင်းရာမကင်းကြောင်း မှန်သမျှကိုလည်း တန်ဖိုးထားသည်..။အဘယ့်ကြောင့်ဆိုသော်..ကျွန်မသည် သင်္ကြန်ကိုချစ်သော မြန်မာမလေးတစ်ဦးဖြစ်သောကြောင့်ပင်ဖြစ်သည်...။

ကျွန်မ၏ ငယ်ဘ၀ သင်္ကြန်ပုံရိပ်များကတော့ အင်မတန်ကိုမှ..မြန်မာနံ့ သင်း
လေသည်..။ကျွန်မဖေကြီးတာဝန်ကျရာ ရွာလေးမှာ ဆင်နွှဲခဲ့ရသော
လေးနှစ်တာ သင်္ကြန်ကာလများသည်ကား ကျွန်မအဖို့  ယခုချိန်ထိ..မမေ့
နိုင်သော ပကာသနမဖက်သည့် မြန်မာသင်္ကြန်စစ်စစ်ပင်ဖြစ်သည်..
စာသင်ကျောင်းပေါက်တွင် ရေပုံးကြီးနှစ်ပုံးချပြီး လာသမျှ လူတိုင်း (ဥပုသ်သည်ပါမကျန်) ရေလောင်းခဲ့ဖူးသည်..။ဥပုသ်သည်ဆိုတာ ရေမလောင်းကောင်းဘူး...ငရဲကြီးတတ်တယ် ဟု မေမေက ဘယ်လောက်ပြောပြော
မလောင်းရဘူးဆိုသူများကို လောင်းရတာကိုက အရသာတစ်မျိုးရှိနေလေရာ
အဆူခံ အရိုက်ခံပြီး ရေလောင်းခဲ့ဖူးသည်...။

ရွယ်တူ ယောကျာ်းလေးသူငယ်ချင်းများလိုလည်း နို့ ဆီခွက်ထဲရေထည့်ပြီး
ခွက်စောင်းခုတ်ခဲ့ဖူးသည်...။ဖောင်းကနဲ မိမိခုတ်လိုက်သည်တွင် တစ်ဘက်
မှ အောင်မလေးဗျဟုအော်ပြီး ကျောကော့သွားသည်ကို ကြည့်ရသည်မှာလည်း...အရသာတစ်မျိုးပင်..။ငယ်နုစဉ်အခါကတော့ ထိုလုပ်ရပ်သည် မတရားဘူးဆိုတာကို မသိခဲ့ရိုးအမှန်ပင်..။ထို့ ထက်ပိုပြီး
ခွက်စောင်းခုတ်ပက်ခဲ့သောကြောင့် ညဘက်တွင် မိမိလက်မောင်းများ
မခံနိုင်အောင်ကိုက်ခဲနာကျင်ရသည်မှာလည်း ကံကံ၏အကျိုးဆိုတာကို..
ပိုလို့ နားမလည်ခဲ့ချေ..။ယခုမူတွင်ကား...အကြောင်းကြောင့် အကျိုးဖြစ်
သည့်သဘောကို အလုံးစုံယုံကြည်ထားသည်မို့ ...ငယ်ဘ၀ အပြူအမူများ
ကတော့ ရှက်ရွံ့ ဖွယ်ဖြစ်နေပေသည်..။

ကျွန်မတို့ နေခဲ့သောရွာလေး၏ သင်္ကြန်တွင်းထူးခြားသော ဓလေ့လေးလည်း
ရှိပေသည်..။၎င်းမှာ အခြားတော့မဟုတ်..။ညဘက် ထမင်းစားနေချိန်
အိပ်နေချိန်များတွင်အလစ်ဝင်ရု...ရေပုံးကြီးဖြင့်..ဗွမ်းကနဲ ရေခိုးလောင်း
သောဓလေ့လေးပင်ဖြစ်သည်..။ဆာဆာနှင့်ထမင်းကုန်းစားနေတုန်းထိုကဲ့သို့ .ရေလောင်းခံရသည့် ဖြစ်ရပ်မှာအမှန်တကယ်တွင်..စိတ်ဆိုးချင်စရာကောင်းသော်လည်း...ထိုသို့ ရေလောင်းခံရသော မည်သူမဆို စိတ်မဆိုးကြချေ..
နောက်တစ်နေ့ မနက်တွင်..ညကမိမိတို့ မိသားစု ရေလောင်းခံရသည်ဟုပင်..ဂုဏ်ယူပြီးပြောတတ်ကြသေးသည်..။ ခွင့်လွှတ်သည်းခံတတ်သော ချစ်စရာ
မြန်မာ့ဓလေ့လေးတစ်ခုပင်..။

သင်္ကြန်နှင့် ခွဲလို့ မရသော မုန့် တစ်ခုမှာ မုန့် လုံးရေပေါ်ပင်ဖြစ်သည်...။
သင်္ကြန်ချိန်ခါမျိုးတွင်...အိမ်တိုင်းလိုလို မုန့် မလုပ်သော သူဟူရု မရှိချေ..။
မုန့် လုံးရေပေါ်ကို အများစုလုပ်ကြသည်...။တစ်ချို့ က ရွှေရင်အေး..၊တစ်ချို့ 
က...ကျောက်ကျော..၊တစ်ချို့ က..မုန့် လက်စောင်း..၊တစ်ချို့ က..သာကူကြို..နှင့်တစ်ချို့ က ပေါင်မုန့် အုန်းနို့ ဆမ်းများလုပ်ကြသည်...။မုန့် အားလုံးသည်..မြန်မာ့ပါးစပ်နှင့် ခံတွင်းတွေ့ စရာများချည်းသာဖြစ်သည်..။ကျွန်မတို့ ကလေး
တစ်သိုက်ကတော့ မုန့် လုပ်သည့်နေရာမှ မခွာတော့...။ထိုကဲ့သို့ အနားလာ
လို့ လည်း ငြိုငြင်မည့်သူ မရှိကြ..။သူ့ ထက်ငါ ခေါ်ရ်ုကျွေးကြသည်..။မုန့် လုံး
ရေပေါ်စားရင်း...အထဲမှ ငရုတ်သီးကိုက်မိလျှင်...ကံထူးသူဟု အများက
သတ်မှတ်သည်ကို ခံရသေးသည်...။

ကိုကိုကာလာသားကြီးများက အပျိုမမများကို ပိုးပန်းရု..ရေလာလောင်းကြ
သည်..။ပိတောက်ပန်းလက်ဆောင်ပေးကြသည်...။ထိုအခါ ကျွန်မတို့ ကလေး
တစ်သိုက်မှာ ထိုကာလာသားကြီးများ၏ နောက်ကျောကို ခွက်စောင်းများဖြင့်
ဗျောတင်ကြသည်..။တစ်ချို့ မှာ နာရ်ုကျောကော့သွားသော်လည်း..စိတ်မဆိုး
ကြ...။ကျွန်မတို့ အပေါ်တွင် အာရုံမရှိကြ...။တစ်ချို့ ကျတော့လည်း..အောင်
မလေးဗျဟု...အော်ပေးတတ်သည်..။ထိုအခါမျိုးတွင်..မိမိလက်သံ အင်မတန်ပြောင်သည်ဟု..အချင်းချင်းကြားတွင်..ကြွားတတ်ကြသေးသည်..။

သင်္ကြန်
သင်္ကြန်...
နှစ်စဉ်နှစ်တိုင်း မပြောင်းလဲသော...မြန်မာ့နှစ်သစ်ကူးပွဲတော်ကြီးကတော့
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလို့  လာခဲ့ချေပြီ..။သင်္ကြန်သည် သူ၏ မူပိုင် ဝေါဟာရ...မူပိုင်ဂုဏ်သတ္တိတို့ ဖြင့် သူ့ အားကြိုဆိုမည့်သူများ
ရင်ခွင်ကို ဆင်းသက်ရန် အသင့်ရှိနေလေပြီ...။ဘယ်သူတွေက ဘယ်လို
ကြိုဆိုကြမလဲ..။ဘယ်သူတွေကသူ၏ဂုဏ်သတင်းကို ကောင်းမွန်စွာ ဖော်ကျူးကြမလဲ...ဘယ်သူတွေကတော့သူ၏ဂုဏ်သတင်းကို...ရိုင်းပျစွာ ဖော်ကျူးကြမလဲဆိုတာကိုတော့..သူလည်းသိချင်ပေလိမ့်မည်..။သေချာသည်က
တော့ သင်္ကြန်သည် သင်္ကြန်ပီသစွာ လူသားအားလုံးကို အေးမြကြည်လင်
သောခံစားချက်တို့ ပေးမည်မှာ မလွဲချေ..။သူပေးလာသော အေးချမ်း
ကြည်လင်သည့် ခံစားချက်ကို အပြည့်အ၀ ရသည် မရသည်ကတော့..ခံယူသူတို့ အပေါ်တွင် များစွာ တည်မှီနေမည်ဖြစ်ပေသည်..။

ချစ်ခင်လေးစားလျှက်
ဆုဂျေ
13.4.2013

စုစုနွေး ဓာတ်ပုံ ရိုက်ခဲ့တဲ့ သင်္ကြန်အကြိုနေ့ အနိဋ္ဌာရုံ …. ။

ကိုင်း သေမင်းတမာန် ကံစမ်းမဲပေါက်တဲ့ အထဲ ကိုမပါကြစေနဲ့...
စုစုနွေး ဓာတ်ပုံ ရိုက်ခဲ့တဲ့ သင်္ကြန်အကြိုနေ့ အနိဋ္ဌာရုံ …. ။
=================================
သင်္ကြန်အကြိုနေ့ အနဌာရုံ မြင်ကွင်း တစ်ခုကို ပထမဆုံး စတင်ဖော်ပြ သူကတော့ ထန်းမနိုင်ရွာသူကနေ ဆုတံဆိပ်များစွာ ရရှိလာခဲ့တဲ့ စုစုနွေး ဆိုသော အမျိုးသမီးတစ်ယောက်ပါ။ ဖြစ်စဉ်ကို ဖော်ပြအပြီး နိုင်ငံရေး သမားတို့ရဲ့ ထုံးစံအတိုင်း နောက်ဆုံးမှာ ပြည်သူရဲ (သို့မဟုတ်) စစ်တပ်ကို တိုက်ခိုက်လိုက်ပါသေးတယ်။ ပွဲချင်းပြီး ဆုံးသွားတာမို့ သူမ ဘာမှတော့ မကူညီနိုင်ခဲ့ပေမယ့် ဓာတ်ပုံလေး ရိုက်ပြီး Facebook ပေါ် တင်လိုက်နိုင်တာမို့ ဖော်ပြပေးလိုက်ပါတယ်။ 

မူရင်းသတင်း
------------
၁၃၊ ၄၊၂၀၁၃ သင်္ကြန်အကြိုနေ့က ပဲခူးမြို့မှ အပြန် လှည်းကူးမြို့လမ်းမကြီး တစ်နေရာမှ ယာဉ်တိုက်မှု။
ဝင်တိုက် တဲ့ကားကြီးက မောင်းပြေးသွားတယ်။ ကားနံပါတ်ကိုလည်း မမှတ်မိ လိုက်ကြဘူးတဲ့။ ဒရိုင်ဘာက ပွဲချင်းပြီးသေတော့ ကျမတို့လည်း ဘာမှ မကူ ညီနိုင်ခဲ့ပါဘူး။

ကူညီပါရစေ ဆိုတဲ့ ပြည်သူ့ရဲတွေလည်း အတော်နဲ့ ရောက်မလာခဲ့ကြပါဘူး။
Su Su Nway
စုစုနွေး ဓာတ်ပုံ ရိုက်ခဲ့တဲ့ သင်္ကြန်အကြိုနေ့ အနိဋ္ဌာရုံ …. ။
==============================
===